ဗျာဒိတ်ကျမ်း 13:4
ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 9:2အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင် သနည်းဟူသော စကားကို သင်ကြား၍၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို၎င်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ် တဘက် သို့ ကူးလုပြီ။
Psalms 106:37ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ် ပူဇော်ကြ၏။
1 Corinthians 10:20ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။
2 Thessalonians 2:4ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။
Revelation 12:3ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ၏။
Revelation 13:12ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။