ဗျာဒိတ်ကျမ်း 20:5
ကြွင်းသော လူသေတို့သည် ထိုအနှစ်တထောင် မကုန်မှီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမမြောက်ခြင်းဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Luke 14:14ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ ဟု မိန့်တော်မူ၏။
Philippians 3:11ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင် ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက်တော်မူခြင်း၏ တန်ဖိုးကို၎င်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသောဖြောင့်မြတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မြတ်ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။
Revelation 11:15သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။
Revelation 20:8အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ၎င်း တက်လိမ့်မည်။