ဗျာဒိတ်ကျမ်း 21:8
ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Judges 7:3သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစော ပြန်သွားစေဟု လူများတို့ အား ဟစ်ကြော်လော့ဟု ဂိဒေါင်အား မိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင် ပြန်သွား၍ တသောင်းကျန်ရစ်၏။
Proverbs 19:9မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
Isaiah 51:12သင်တို့ကို နှစ်သိမ့်စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသော လူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘော ရှိသနည်း။
Malachi 3:5သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
Matthew 10:28တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။
Mark 9:44ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။