The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 5 › ဗျာဒိတ်ကျမ်း 5:11

ဗျာဒိတ်ကျမ်း 5:11

ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။

1835 Judson Burmese Bible

In The King James Version

And I beheld, and I heard the voice of many angels round about the throne and the beasts and the elders: and the number of them was ten thousand times ten thousand, and thousands of thousands;

In Context

10အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။

12ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။

Read all of ဗျာဒိတ်ကျမ်း 5

Cross References

1 Kings 22:19မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက်၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။

Psalms 68:17ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။

Psalms 148:2ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။

Hebrews 12:22သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊

Revelation 4:6ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။

Revelation 5:6ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 5:11

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 5:10ဗျာဒိတ်ကျမ်း 5ဗျာဒိတ်ကျမ်း 5:12 →