ဗျာဒိတ်ကျမ်း 8:13
ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လု လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezekiel 2:10ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ၊ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာ အချက်များပါသတည်း။
Revelation 9:1ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊
Revelation 11:14ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည်။
Revelation 14:6မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊