ရောမဩဝါဒစာ 12:8
နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။
1835 Judson Burmese Bible
In The King James Version
In Context
7ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။
Cross References
Deuteronomy 15:8သင်၏လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။
Deuteronomy 16:11သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
Job 31:16ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
Psalms 101:1ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရ ဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။
Proverbs 22:9ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
Ecclesiastes 11:1သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။