ရောမဩဝါဒစာ 14:8
အသက်ရှင်လျှင်၊ သခင်ဘုရားအဘို့ အလိုငှါ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရား အဘို့အလိုငှါ သေ၏။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
7ငါတို့တွင် အဘယ်သူမျှကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှကိုယ်အဘို့အလို့ငှါမသေ။
Cross References
John 21:19တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
Acts 20:24သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊
1 Corinthians 3:22ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ၏။
Philippians 1:20ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ၏။
Philippians 2:30အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။
1 Thessalonians 5:10ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။