ရောမဩဝါဒစာ 2:11
ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။
1835 Judson Burmese Bible
In The King James Version
For there is no respect of persons with God.
In Context
Cross References
Deuteronomy 10:17အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
2 Chronicles 19:7သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။
Proverbs 24:23ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။
Luke 20:21ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။
Galatians 2:6အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သော ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူနှင့် ငါသည် ပေါင်းဘော်၍ ထူးခြားသောအရာကိုမခံရသည်သာမက၊
Ephesians 6:9သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ရှိသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကို၎င်း၊ သိမှတ်ကြလော့။