ရောမဩဝါဒစာ 2:27
အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 3:15ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
Matthew 12:41တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။
Romans 2:20လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎င်း၊ သမ္မာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊
Romans 7:6ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကို မှီ၍ အမှု ဆောင်ရွက်ခြင်းအလိုငှါ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
Romans 13:10ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် မစပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။
Galatians 5:14အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။