ရောမဩဝါဒစာ 4:10
ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
11အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊
Cross References
Genesis 15:16လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
Genesis 17:1ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
Genesis 17:23အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
Galatians 5:6ယေရှုခရစ်တော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။