ရောမဩဝါဒစာ 4:3
ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
For what saith the scripture? Abraham believed God, and it was counted unto him for righteousness.
In Context
4အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။
Cross References
Genesis 15:6အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
Isaiah 8:20တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
Mark 12:10တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက်ထောင့် အထွဋ်အဖျား သို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။
Romans 4:9အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။
Romans 4:22ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
Romans 10:11ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။