ရောမဩဝါဒစာ 4:9
အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
8ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။
Cross References
Luke 2:32ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။
Romans 4:3ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
Romans 10:12ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏။
Galatians 3:14အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီး မင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့် ယှဉ်သော ဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။
Ephesians 2:11ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊
Colossians 3:11ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။