ရောမဩဝါဒစာ 5:13
ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊
1835 Judson Burmese Bible
In The King James Version
(For until the law sin was in the world: but sin is not imputed when there is no law.
In Context
Cross References
Genesis 4:7သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
Genesis 6:11ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
Genesis 13:13သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
Genesis 19:4ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း၍၊
Genesis 19:36ထိုသို့လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။
Genesis 38:10ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။