ရောမဩဝါဒစာ 6:3
ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။
1835 Judson Burmese Bible
In The King James Version
Know ye not, that so many of us as were baptized into Jesus Christ were baptized into his death?
In Context
2ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့ သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။
Cross References
Acts 2:38ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
Acts 19:5ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။
Romans 6:8ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
Romans 7:1ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော။
1 Corinthians 5:6သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။
1 Corinthians 6:9မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော။ အလွဲမယူကြနှင့်။ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊