ရောမဩဝါဒစာ 7:1
ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Proverbs 6:23အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
Romans 2:17သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊
Romans 6:14ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
Romans 9:3အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ၏။
1 Corinthians 9:8လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆို သလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။