ရောမဩဝါဒစာ 8:23
ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
22ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။
Cross References
Luke 21:28ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။
Romans 7:24ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း။
Romans 8:19ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။
2 Corinthians 5:2ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။
Galatians 5:5ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။
Ephesians 1:14ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။