ရောမဩဝါဒစာ 8:26
ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
25ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။
Cross References
Psalms 6:3အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
Psalms 10:17အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့၏တောင့်တခြင်း အသံကိုကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
Psalms 55:1အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်။
Psalms 77:1ငါသည် ဘုရားသခင့်ထံသို့ အသံကို လွှင့်၍ အော် ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။
Psalms 102:5ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
Psalms 119:81အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။