ရောမဩဝါဒစာ 9:27
ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezra 9:8ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန် ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ။
Isaiah 1:1ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊
Isaiah 10:20ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
Isaiah 24:13ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။
Ezekiel 6:8သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည်။
Micah 5:3သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။