ရောမဩဝါဒစာ 9:8
ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန်မဟုတ်။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
9ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။
Cross References
Genesis 31:15သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား။
Psalms 87:6ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
Romans 4:11အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊
Galatians 3:26အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။
1 John 3:1ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။