1 ရုသဝတ္ထု 1:13
ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 38:11သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
Judges 2:15သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော် အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။
1 Samuel 5:11လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
Psalms 32:4နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။
Psalms 39:9ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့်၊ အကျွန်ုပ်ပြောစရာမရ။ နှုတ်ကို မဖွင့်ဘဲနေရပါ၏။