The Bible Software
bible.software › 1 ရုသဝတ္ထု › 1 ရုသဝတ္ထု 4 › 1 ရုသဝတ္ထု 4:11

1 ရုသဝတ္ထု 4:11

တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။

1835 Judson Burmese Bible

In The King James Version

And all the people that were in the gate, and the elders, said, We are witnesses. The LORD make the woman that is come into thine house like Rachel and like Leah, which two did build the house of Israel: and do thou worthily in Ephratah, and be famous in Bethlehem:

In Context

10သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။

12အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။

Read all of 1 ရုသဝတ္ထု 4

Cross References

Genesis 29:16ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။

Genesis 35:16ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွား ပြန်၍၊ ဧဖရတ်မြို့နှင့် နီးသောအခါ၊ ရာခေလသည် သား ဘွားအံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။

Genesis 35:23ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာတွင် မြင်သော သားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသော ရှိမောင်၊ လေဝိ၊ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။

Genesis 46:8အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။

Deuteronomy 25:7ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊

Ruth 1:2ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ရုသဝတ္ထု 4:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ရုသဝတ္ထု 4:101 ရုသဝတ္ထု 41 ရုသဝတ္ထု 4:12 →