Song of Solomon 4:10
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန် ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Song of Solomon 1:2သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။
Song of Solomon 1:12အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
Song of Solomon 5:5ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ၏။
2 Corinthians 1:21သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။
Philippians 4:18ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။