Song of Solomon 5:14
လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 15:6အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
Exodus 28:20စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။
Psalms 44:4အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
Song of Solomon 7:2သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။
Isaiah 52:13ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။
Ezekiel 1:16ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ၏။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ၏။ ပုံသဏ္ဍာန်မူ ကား၊ ဘီးတခုအထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။