တိတုဩဝါဒစာ 2:15
ဤတရားစကားကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင် မပြုစေနှင့်။
1835 Judson Burmese Bible
In The King James Version
These things speak, and exhort, and rebuke with all authority. Let no man despise thee.
In Context
Cross References
Mark 1:22ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်း ပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။
Luke 4:36လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သော စကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ၏။
1 Timothy 5:20ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့။
Titus 1:13ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို၎င်း၊ သမ္မာတရား ကိုစွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊