တိတုဩဝါဒစာ 2:9
အစေခံကျွန်တို့သည်။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှါ၊ မိမိတို့ သခင်၏အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုံခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ephesians 5:24အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။
Colossians 3:22အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ သူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ စိတ်နှစ်ခွ မရှိဘဲ၊ လောကီသခင်၏စကားကို အရာရာ၌ နားထောင် ကြလော့။
1 Peter 2:18အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။