တိတုဩဝါဒစာ 3:7
အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။
1835 Judson Burmese Bible
In The King James Version
That being justified by his grace, we should be made heirs according to the hope of eternal life.
In Context
Cross References
Romans 3:28ထိုကြောင့်လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။
Romans 4:16ထိုကြောင့်၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။
Romans 5:15သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော် သဘောမတူ၊ အကြောင်းမူကား၊ လူ တယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်း ဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။
Romans 8:23ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။
1 Corinthians 6:11အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။
Galatians 3:29ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။