ဇာခရိအနာဂတ္တိကျမ်း 1:10
မုရတုတော၌ ရပ်သော လူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 1
Cross References
Job 1:7ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
Psalms 103:20တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
Hosea 12:3ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။
Zechariah 1:11ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီး တရှောက်လုံး တော၌ရပ်သော ထာဝရဘုရား၏ ကောင်း ကင်တမန်အား ပြန်လျှောက်ကြ၏။
Zechariah 5:7ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
Zechariah 6:7ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။