ဇာခရိအနာဂတ္တိကျမ်း 13:4
ထိုကာလ၌ ပရောဖက်သည် ဟောပြောသော အခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတပါး ကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကို လည်း မဝတ်ရ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 13
Cross References
Isaiah 20:2ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။
Jeremiah 6:15သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက် ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြ လိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Micah 3:7ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။
Matthew 11:8သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါသွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။
Revelation 11:3ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။