ဇာခရိအနာဂတ္တိကျမ်း 2:1
တဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကို ကိုင် သော လူတဦးကို မြင်လျှင်၊
1835 Judson Burmese Bible
In The King James Version
I lifted up mine eyes again, and looked, and behold a man with a measuring line in his hand.
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 2
Cross References
Isaiah 54:16မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။
Ezekiel 40:3ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
Ezekiel 47:4တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
Zechariah 1:16ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာ ပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကို လည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Revelation 11:1တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။