ဇာခရိအနာဂတ္တိကျမ်း 3:2
ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါ စေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော။ ဤသူသည် မီးထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
3ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊
Read all of ဇာခရိအနာဂတ္တိကျမ်း 3
Cross References
2 Chronicles 6:5ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
Psalms 109:31အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။
Amos 4:11ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
Zechariah 2:12ထာဝရဘုရားသည် သန့်ရှင်းသော ပြည်၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။
Luke 4:35ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
Luke 22:32သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊