ဇာခရိအနာဂတ္တိကျမ်း 9:3
တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍၊ ငွေကို မြေမှုန့်ကဲ့သို့၎င်း၊ ရွှေစင်ကိုလမ်း၌ရှိသော ရွံ့ ကဲ့သို့၎င်း စုပုံသော်လည်း၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 9
Cross References
Joshua 19:29ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။
1 Kings 10:27ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
Job 22:24ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
Isaiah 23:8တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း။
Ezekiel 27:33သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
Ezekiel 28:4ကိုယ်ဉာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။