ဇာခရိအနာဂတ္တိကျမ်း 9:7
သူစားသော အသွေးကို သူ၏ပစပ်ထဲမှ၎င်း၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ၏သွားကြားမှ၎င်း ငါနှုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
6အာဇုတ်မြို့၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏ မာနကိုလည်း ငါချိုးဖဲ့ မည်။
Read all of ဇာခရိအနာဂတ္တိကျမ်း 9
Cross References
1 Samuel 17:34ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
2 Samuel 24:18ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ် တလင်း၌ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု၊
1 Chronicles 11:4တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
Psalms 3:7အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။
Isaiah 11:12တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူ သဖြင့်၊ နှင်ထုတ်သောဣသရေလအမျိုးသားနှင့်၊ အရပ် ရပ်ကွဲပြားသောယုဒအမျိုးသားတို့ကို မြေကြီးလေး မျက်နှာတို့မှ ခေါ်၍ စုဝေးစေတော်မူလိမ့်မည်။
Isaiah 49:22အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေ သော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။