ဇေဖနိအနာဂတ္တိကျမ်း 2:13
မြောက်မျက်နှာကိုလည်း တိုက်၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
12အို ကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ထား ဖြင့် အသေခံရကြလိမ့်မည်။
Read all of ဇေဖနိအနာဂတ္တိကျမ်း 2
Cross References
Psalms 83:8အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
Isaiah 10:12သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
Isaiah 11:11ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။
Micah 5:6ထားလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့ တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကို၎င်း သုတ်သင်ပယ် ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့ လာ၍၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
Nahum 2:10မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။
Nahum 3:15ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ထား နှင့်ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့။