2 ရာဇဝင်ချုပ်ပထမစောင် 1:14
ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
Common Language Bible
In The King James Version
The Jebusite also, and the Amorite, and the Girgashite,
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 1
Cross References
Genesis 48:22ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။
Exodus 34:11ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။-
Deuteronomy 7:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
Joshua 3:10သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-
Judges 1:21ဗင်္ယာမိန်အနွယ်ဝင်တို့မူကားယေရုရှလင် မြို့တွင် နေထိုင်သောယေဗုသိအမျိုးသားတို့ အားထိုမြို့မှနှင်ထုတ်ခြင်းမပြုကြချေ။ သို့ ဖြစ်၍ထိုအချိန်အခါမှအစပြု၍ယေဗုသိ အမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ နှင့်အတူယေရုရှလင်မြို့တွင်နေထိုင်ခဲ့ ကြသတည်း။
2 Samuel 21:2(ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)