2 ရာဇဝင်ချုပ်ပထမစောင် 1:43
ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။ ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊ ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊ တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊ သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။ (သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။) မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊ အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊ (သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။ မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။)
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 1
Cross References
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။