2 ရာဇဝင်ချုပ်ပထမစောင် 11:16
ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-
Common Language Bible
In The King James Version
And David was then in the hold, and the Philistines’ garrison was then at Bethlehem.
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
1 Samuel 13:4ဖိလိတ္တိတပ်မှူးအားရှောလုသတ်ဖြတ်လိုက် ကြောင်းနှင့် ဖိလိတ္တိအမျိုးသားတို့သည် ဣသရေလအမျိုးသားတို့အားမုန်းတီး ကြောင်းကို ဣသရေလအမျိုးသားတို့ကြား သိရသဖြင့် ရှောလု၏ဆင့်ဆိုချက်အတိုင်း ဂိလဂါလမြို့သို့လာရောက်စုရုံးကြ၏။
1 Samuel 22:1ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
1 Samuel 22:5ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
Psalms 142:1ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။