2 ရာဇဝင်ချုပ်ပထမစောင် 11:22
ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
Joshua 15:21ဧဒုံပြည်နယ်စပ်အနီးနယ်မြေ၏တောင် ဘက်စွန်းတွင် သူတို့ပိုင်သည့်မြို့များမှာကပ် ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊-
1 Samuel 17:34ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊-
2 Samuel 8:18ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
2 Samuel 23:20ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။-
1 Kings 1:38ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။-
1 Kings 2:34ထို့ကြောင့်ဗေနာယသည်ထာဝရဘုရား စံတော်မူရာတဲတော်သို့သွား၍ယွာဘ အားသတ်ပြီးလျှင် ကျေးလက်ရှိသူ၏ နေအိမ်တွင်သင်္ဂြိုဟ်လိုက်လေသည်။-