2 ရာဇဝင်ချုပ်ပထမစောင် 11:3
ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
1 Samuel 11:15သို့ဖြစ်၍သူတို့အားလုံးပင်ဂိလဂါလ မြို့သို့သွားပြီးလျှင် သန့်ရှင်းရာဌာနတော် တွင်ရှောလုအားဘုရင်အဖြစ်ကြွေးကြော် တင်မြှောက်ကြလေသည်။ သူတို့သည်မိတ် သဟာယယဇ်ကိုပူဇော်ကြ၏။ ရှောလုနှင့် ဣသရေလအမျိုးသားတစ်ရပ်လုံးသည် လည်းပျော်ပွဲရွှင်ပွဲကိုဆင်နွှဲကြ၏။
1 Samuel 16:1ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
1 Samuel 16:12သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
1 Samuel 23:18ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။
2 Samuel 2:4ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
2 Kings 11:17ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-