2 ရာဇဝင်ချုပ်ပထမစောင် 11:4
ဒါဝိဒ်မင်းနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ချီတက်၍ ယေရုရှလင် မြို့ကိုတိုက်ခိုက်ကြ၏။ ထိုစဉ်အခါက ယေရုရှလင်မြို့သည်ယေဗုတ်မြို့ဟုနာမည် တွင်၏။ ထိုမြို့တွင်ပင်ကိုယ်ရှိရင်းစွဲယေဗုသိ မြို့သားတို့ပင်လျှင်နေထိုင်လျက်ရှိသေး၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
Genesis 10:16ခါနာန်သည်ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊-
Exodus 3:17ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
Joshua 15:63ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။
Judges 1:21ဗင်္ယာမိန်အနွယ်ဝင်တို့မူကားယေရုရှလင် မြို့တွင် နေထိုင်သောယေဗုသိအမျိုးသားတို့ အားထိုမြို့မှနှင်ထုတ်ခြင်းမပြုကြချေ။ သို့ ဖြစ်၍ထိုအချိန်အခါမှအစပြု၍ယေဗုသိ အမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ နှင့်အတူယေရုရှလင်မြို့တွင်နေထိုင်ခဲ့ ကြသတည်း။
2 Samuel 5:6ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-