2 ရာဇဝင်ချုပ်ပထမစောင် 11:6
ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
1 Samuel 17:25``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
2 Samuel 3:27ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
2 Samuel 20:23ယွာဘသည်တပ်မတော်ဗိုလ်ချုပ်ဖြစ်၍ ယောယဒ၏သားဗေနာယသည် ဒါဝိဒ်၏ ကိုယ်ရံတော်တပ်သားများကိုအုပ်ချုပ် ရ၏။-
Psalms 60:9အို ဘုရားသခင်၊ ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။