2 ရာဇဝင်ချုပ်ပထမစောင် 12:1
ဒါဝိဒ်သည်ရှောလုမင်းထံတော်မှထွက်ပြေး တိမ်းရှောင်နေချိန်၌ ဇိကလတ်မြို့တွင်နေထိုင် ၏။ ထိုအခါလူအများပင်သူ၏ဘက်သို့ ဝင်ရောက်လာကြ၏။ ထိုသူအပေါင်းတို့သည် ရှောလုနှင့်ဆွေမျိုးတော်စပ်သည့်ဗင်္ယာမိန် အနွယ်ဝင်မှ စစ်ရည်ဝ၍အားကိုးအားထား လောက်သောစစ်သူရဲများဖြစ်သတည်း။ သူ တို့သည်လက်ယာလက်ဖြင့်သော်လည်းကောင်း၊ လက်ဝဲလက်ဖြင့်သော်လည်းကောင်း လောက်လွှဲ နှင့်လေးကိုပစ်ခတ်နိုင်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12
Cross References
1 Samuel 27:2ထို့ကြောင့်မိမိ၏တပ်သားခြောက်ရာနှင့် အတူမောခ၏သား၊ ဂါသဘုရင်အာခိတ် ထံသို့ချက်ချင်းထွက်ခွာသွားလေသည်။-
2 Samuel 1:1ရှောလုကွယ်လွန်ပြီးနောက်ဒါဝိဒ်သည်အာ မလက်မြို့သားတို့ကိုနှိမ်နင်းရာမှပြန် လာ၍ ဇိကလတ်မြို့တွင်နှစ်ရက်မျှနေ၏။-
2 Samuel 4:10ရှောလုကွယ်လွန်တော်မူကြောင်းဇိကလတ် မြို့တွင်ငါ့ထံသို့လာရောက်ပြောကြားသူ သည် မိမိယူဆောင်လာသောသတင်းကို သတင်းကောင်းဟုထင်မှတ်ခဲ့သည်။ သို့ရာ တွင်ငါသည်သူ့ကိုဖမ်းဆီး၍ကွပ်မျက် လိုက်၏။ ဤကားမိမိပေးသည့်သတင်း အတွက်ထိုသူရရှိသည့်ဆုလာဘ်ပင် ဖြစ်သည်။-
1 Chronicles 9:39နေရ၏သားသည်ကိရှ၊ ကိရှ၏သားသည် ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလ ခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍သား လေးယောက်ရှိ၏။-
1 Chronicles 11:19ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။