The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 12 › 2 ရာဇဝင်ချုပ်ပထမစောင် 12:17

2 ရာဇဝင်ချုပ်ပထမစောင် 12:17

ဒါ​ဝိဒ်​မင်း​သည်​သူ​တို့​အား​ခရီး​ဦး​ကြို​ပြု လျက်``သင်​တို့​သည်​မိတ်​ဆွေ​အ​ဖြစ်​ဖြင့်​ငါ့ ကို​ကူ​ညီ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​အား​ကြို​ဆို​လက်​ခံ​ပါ​၏။ ငါ​တို့​ဘက်​သို့​ဝင်​ကြ​လော့။ သို့​ရာ​တွင်​သင် တို့​သည်​ငါ့​အား​ရန်​သူ​များ​လက်​သို့​အပ် ရန်​လာ​လျှင်​မူ​ကား ငါ​သည်​သင်​တို့​အား အ​နာ​တ​ရ​ပြု​မည်​မ​ဟုတ်​သော်​လည်း ငါ တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​သင်​တို့​ပြု သည့်​အ​မှု​ကို​မြင်​တော်​မူ​၍ သင်​တို့​အား အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

Common Language Bible

In The King James Version

And David went out to meet them, and answered and said unto them, If ye be come peaceably unto me to help me, mine heart shall be knit unto you: but if ye be come to betray me to mine enemies, seeing there is no wrong in mine hands, the God of our fathers look thereon, and rebuke it.

In Context

16အ​ခါ​တစ်​ပါး​၌​ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​တို့​မှ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊-

18ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12

Cross References

Genesis 31:42အ​ကယ်​၍​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​ရှိ​ခဲ့​လျှင် သင်​သည်​ကျွန်ုပ်​ကို​လက်​ချည်း​သက် သက်​စေ​လွှတ်​လိုက်​မည်​ဖြစ်​၏။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​ခံ​ရ​သော​ဆင်း​ရဲ ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​တို့​ကို​သိ မြင်​တော်​မူ​သ​ဖြင့်​ယ​မန်​နေ့​ည​က​သင့်​ကို ဆုံး​မ​တော်​မူ​ပြီ'' ဟု​လာ​ဗန်​အား​ဆို​လေ​၏။

1 Samuel 16:4ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။

1 Samuel 18:3ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-

1 Samuel 26:23ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​စောင့်​သူ၊ ဖြောင့်​မှန် သူ​တို့​ကို​ဆု​တော်​လာဘ်​တော်​များ​ပေး​သ​နား တော်​မူ​ပါ​၏။ ယ​နေ့​ကိုယ်​တော်​သည်​အ​ရှင့်​အား အ​ကျွန်ုပ်​လက်​သို့​ပေး​အပ်​တော်​မူ​ခဲ့​သော်​လည်း အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဘု​ရင်​အား​ဘေး​အန္တ​ရာယ်​မ​ပြု ခဲ့​ပါ။-

1 Kings 2:13ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။ အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊-

2 Kings 10:15ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။ ယော​န​ဒပ်​က``ကူ​ညီ​ပါ​မည်'' ဟု​ဖြေ​၏။ ယေ​ဟု​က``ယင်း​သို့​ဖြစ်​ပါ​မူ​ငါ့​အား​သင်​၏ လက်​ကို​ကမ်း​ပေး​လော့'' ဟု​ဆို​၏။ ယော​န​ဒပ် က​လက်​ကို​ကမ်း​ပေး​လိုက်​သော​အ​ခါ ယေ​ဟု သည်​လက်​ကို​ဆွဲ​၍​ယော​န​ဒဒ်​အား​ရ​ထား ပေါ်​တက်​စေ​ပြီး​သော်၊-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 12:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 12:162 ရာဇဝင်ချုပ်ပထမစောင် 122 ရာဇဝင်ချုပ်ပထမစောင် 12:18 →