2 ရာဇဝင်ချုပ်ပထမစောင် 12:20
ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12
Cross References
Deuteronomy 1:15သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
1 Samuel 29:4သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
1 Chronicles 12:21သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-