The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 12 › 2 ရာဇဝင်ချုပ်ပထမစောင် 12:23

2 ရာဇဝင်ချုပ်ပထမစောင် 12:23

ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လု​မင်း​၏​နေ​ရာ​တွင်​ဒါ​ဝိဒ်​အား​မင်း မြှောက်​နိုင်​ရေး​အ​တွက်​ကူ​ညီ​ဆောင်​ရွက်​ရန် စစ်​အ​တတ်​ကို​လေ့​ကျင့်​ပြီး​သော​စစ်​သူ​ရဲ အ​များ​ပင်​သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက် လာ​ကြ​၏။ ထို​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဒိုင်း​လွှား​များ​နှင့်​လှံ​များ​ကိုင်​ဆောင်​လျက် စစ်​လက်​နက်​အ​ပြည့်​အ​စုံ​ပါ​သော​ယု​ဒ အ​နွယ်​ဝင်​စစ်​သူ​ရဲ​ခြောက်​ထောင့်​ရှစ်​ရာ။ ကောင်း​စွာ​လေ့​ကျင့်​ပြီး​သူ​ရှိ​မောင်​အ​နွယ် ဝင် စစ်​သူ​ရဲ​ခု​နစ်​ထောင့်​တစ်​ရာ။ လေ​ဝိ​အ​နွယ်​ဝင်​လူ​ပေါင်း​လေး​ထောင့်​ခြောက်​ရာ။ အာ​ရုန်​မှ​ဆင်း​သက်​သော​ယော​ယ​ဒ​၏​နောက်​လိုက် လူ​ပေါင်း​သုံး​ထောင့်​ခု​နစ်​ရာ။ စစ်​တိုက်​ကောင်း​သူ၊လု​လင်​ပျို​ဇာ​ဒုတ်​၏​ဆွေ​မျိုး၊ ခေါင်း​ဆောင်​နှစ်​ဆယ့်​နှစ်​ဦး။ ရှော​လု​၏​အ​နွယ်​စု​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင် လူ​ပေါင်း​သုံး​ထောင်။ (ဗင်္ယာ​မိန်​အ​နွယ်​မှ​လူ​များ​စု သည်​ရှော​လု​မင်း​၏​သစ္စာ​တော်​ကို​စောင့်​သိ​ကြ​သူ များ​ဖြစ်​၏။) ဧ​ဖ​ရိမ်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ရာ။ သူ​တို့​သည် မိ​မိ​တို့​သား​ချင်း​စု​တွင်​နာ​မည်​ကျော်​သူ များ​တည်း။ အ​နောက်​ပိုင်း​မ​နာ​ရှေ​အ​မျိုး​သား​များ​မှ ဒါ​ဝိဒ်​အား​မင်း​မြှောက်​နိုင်​ရေး​အ​တွက်​သွား ရောက်​ဆောင်​ရွက်​ရန် ရွေး​ချယ်​ထား​သူ​လူ​ပေါင်း တစ်​သောင်း​ရှစ်​ထောင်။ ဣ​သ​ခါ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​နှစ်​ရာ​နှင့် သူ​တို့ ၏​နောက်​လိုက်​များ (ဤ​ခေါင်း​ဆောင်​များ​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​အပ်​သော​အ​မှု​နှင့်​ပြု ရန် အ​ချိန်​ကာ​လ​ကို​သိ​ရှိ​သူ​များ​ဖြစ်​ကြ​၏။) ယုံ​ကြည်​စိတ်​ချ​ရ​၍​သစ္စာ​ရှိ​သူ​ဇာ​ဗု​လုန် အ​နွယ်​ဝင်​လူ​ငါး​သောင်း။ သူ​တို့​သည်​စစ်​တိုက် ရန်​အ​ဆင်​သင့်​ရှိ​ကြ​လျက်​လက်​နက်​မျိုး​စုံ ကို​ကိုင်​ဆောင်​တတ်​သူ​များ​ဖြစ်​ကြ​၏။ ဒိုင်း​လွှား၊ လှံ​တံ​ကိုင်​ဆောင်​သူ​လူ​သုံး​သောင်း​ခု​နစ် ထောင်​နှင့်​တ​ကွ န​ဿ​လိ​အ​နွယ်​ဝင်​ခေါင်း​ဆောင် တစ်​ထောင်။ စစ်​အ​တတ်​ကို​လေ့​ကျင့်​ထား​ပြီး​သူ၊ ဒန်​အ​နွယ်​ဝင်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ထောင်​ခြောက် ရာ။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သူ​အာ​ရှာ​အ​နွယ်​ဝင် လူ​ပေါင်း​လေး​သောင်း။ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​မှ​ရု​ဗင်၊ ဂဒ်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​များ​ထဲ​မှ​လက်​နက် မျိုး​စုံ​ကိုင်​ဆောင်​တတ်​သူ လူ​ပေါင်း​တစ်​သိန်း နှစ်​သောင်း​တို့​ဖြစ်​သ​တည်း။

Common Language Bible

In The King James Version

And these are the numbers of the bands that were ready armed to the war, and came to David to Hebron, to turn the kingdom of Saul to him, according to the word of the LORD.

In Context

22နေ့​တိုင်း​လို​ပင်​ဒါ​ဝိဒ်​၏​တပ်​ဖွဲ့​ထဲ​သို့​လူ​သစ် များ​ဝင်​ရောက်​လာ​ကြ​သ​ဖြင့် သူ​၏​တပ်​မ​တော် သည်​အ​လွန်​အင်​အား​ကြီး​မား​လာ​လေ​သည်။

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12

Cross References

Genesis 32:3ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

1 Samuel 16:3ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။

2 Samuel 2:3သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-

2 Samuel 5:1ထို​အ​ခါ​ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​လာ​ရောက်​၍​ဒါ​ဝိဒ် အား``အ​ရှင်​နှင့်​အ​ကျွန်ုပ်​တို့​သည်​သွေး​သား ချင်း​ဖြစ်​ကြ​ပါ​၏။-

1 Chronicles 11:10အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။

Psalms 89:19လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။ လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 12:23

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 12:222 ရာဇဝင်ချုပ်ပထမစောင် 122 ရာဇဝင်ချုပ်ပထမစောင် 12:24 →