2 ရာဇဝင်ချုပ်ပထမစောင် 12:8
ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12
Cross References
1 Samuel 23:29ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။
2 Samuel 1:23``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
2 Samuel 17:10ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
1 Chronicles 11:16ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-
1 Chronicles 12:16အခါတစ်ပါး၌ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်တို့မှ လူအချို့တို့သည်ဒါဝိဒ်မင်းရှိရာ ရဲတိုက်သို့လာသောအခါ၊-
Proverbs 6:5မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။