2 ရာဇဝင်ချုပ်ပထမစောင် 15:1
ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 15
Cross References
2 Samuel 5:9ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။-
2 Samuel 13:7သို့ဖြစ်၍ဒါဝိဒ်သည်နန်းတော်တွင်းရှိတာမာ ၏အိမ်သို့လူကိုစေလွှတ်၍ အာမနုန်၏အိမ် သို့သွား၍သူ့အတွက်အစားအစာအနည်း ငယ်ကိုပြင်ဆင်ပေးလော့'' ဟုမှာလိုက်၏။-
1 Chronicles 15:3မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
1 Chronicles 17:1ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
2 Chronicles 5:2ထိုနောက်ရှောလမုန်မင်းသည်ပဋိညာဉ်သေတ္တာ တော်ကို ဇိအုန်မည်သောဒါဝိဒ်မြို့မှပင့်ဆောင် ရန်အတွက် ဣသရေလအနွယ်များနှင့်သား ချင်းစုခေါင်းဆောင်အပေါင်းတို့ကို ယေရု ရှလင်မြို့တွင်စုရုံးရန်ဆင့်ခေါ်တော်မူ၏။-
Acts 7:46ဒါဝိဒ်မင်းသည်ဘုရားသခင်၏ရှေ့တော် တွင်မျက်နှာပွင့်လန်းသူဖြစ်၏။ သို့ဖြစ်၍ ယာကုပ်၏ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပြုရန် ဘုရားသခင်အားပန်ကြားလေသည်။-