2 ရာဇဝင်ချုပ်ပထမစောင် 15:2
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 15
Cross References
Numbers 3:6``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။-
Numbers 4:2``လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစုတွင်၊
Numbers 8:13``လေဝိအနွယ်ဝင်တို့ကိုငါ့အားအထူး ပူဇော်သကာအဖြစ်ဆက်ကပ်၍ အာရုန်နှင့် သူ၏သားတို့ကသူတို့ကိုကြီးကြပ်ကွပ် ကဲစေရမည်။-
Numbers 18:1ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။-
Deuteronomy 31:9သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-