2 ရာဇဝင်ချုပ်ပထမစောင် 15:28
ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 15
Cross References
1 Chronicles 13:8ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။
1 Chronicles 25:1ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
Ezra 3:10တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
Psalms 47:6ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။
Psalms 98:4ကမ္ဘာမြေကြီးသားအပေါင်းတို့၊ဝမ်းမြောက်စွာ သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ သီချင်းများကိုဆို၍ဝမ်းမြောက်စွာကြွေး ကြော်လျက် ကိုယ်တော်အားထောမနာပြုကြလော့။
Psalms 150:3တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။