2 ရာဇဝင်ချုပ်ပထမစောင် 16:10
ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
Common Language Bible
In The King James Version
Glory ye in his holy name: let the heart of them rejoice that seek the LORD.
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 16
Cross References
1 Chronicles 22:19သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
2 Chronicles 15:15ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။
Psalms 34:2ငါသည်ကိုယ်တော်ပြုတော်မူသော အမှုအရာများအတွက်ကိုယ်တော်အား ထောမနာပြုမည်။ အနှိပ်အစက်ခံရသူအပေါင်းတို့သည် ကြားနာ၍ ဝမ်းမြောက်ကြပါစေသော။
Proverbs 8:17ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
Isaiah 45:25ငါထာဝရဘုရားသည်ယာကုပ်၏သားမြေး အပေါင်းကိုကယ်ဆယ်မည်။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
Jeremiah 9:23ထာဝရဘုရားက၊ ``ပညာရှိသည်မိမိဉာဏ်ပညာရှိမှု၊ ခွန်အားကြီးမားသူသည်မိမိခွန်အားကြီး မားမှု၊ ချမ်းသာကြွယ်ဝသူသည်မိမိချမ်းသာ ကြွယ်ဝမှု၌ မဝါမကြွားအပ်။