2 ရာဇဝင်ချုပ်ပထမစောင် 16:35
``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 16
Cross References
Deuteronomy 30:3သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။-
Psalms 14:7ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Psalms 53:6ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Psalms 105:45ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Isaiah 43:21ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
1 Corinthians 1:31ထို့ကြောင့်ကျမ်းစာလာသည်နှင့်အညီမည်သူ မဆိုဝါကြွားလိုလျှင် ဘုရားရှင်ပြုတော်မူ သောအမှုတော်အတွက်သာလျှင်ဝါကြွားစေ။